ညောင်လေးပင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်၌  ပြည်သူများအေးချမ်း ပျော်ရွှင်စွာလာ‌ရောက်ရေကစား

ညောင်လေးပင် ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် ၁၃၈၄ခုနှစ်၊  မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ရုံးပေါင်းစုံလမ်းထိပ်၌ဖွင့်လှစ်ကျင်းပလျက်ရှိရာ ဧပြီ ၁၆ ရက်မဟာသင်္ကြန် အတက်နေ့တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိ‌ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင်ယိမ်းအဖွဲ့(၁၀)ဖွဲ့ကအလှည့်ကျကပြဖျော်ခြင်း၊ တေးသံရှင်များကသီဆို ဖျော်ဖြေခြင်းများပြုလုပ်ခဲ့ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊‌ဒေသခံပြည်သူများက ဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အဆိုပါ ဗဟိုမဏ္ဍပ်သို့ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလာရောက်လည်ပတ် ကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်္ကြန်ဗဟိုမဏ္ဍပ်ကို သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ရေကစားကြလျက်ရှိရာ  ရေကစားရန် လာရောက်ကြသူများကိုစတုဒိသာအဖြစ် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ အအေးများဧည်ခံကျွေးမွေးခဲ့ကြောင်း၊ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်း ထားရှိပေးကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)