ကန်ကြီးထောင့် ဧပြီ ၁၅
၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ လရက်နေ့ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းမှ စတင်ကာ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပြီး ယနေ့အကြတ်နေ့တွင်လည်း မြို့သူမြို့သားများက အတာရေပက်ဖျန်းကစားကြသူများနှင့် ကုသိုလ်ပြုကြသူ များဖြင့်စည်ကားလျှက်ရှိကြောင်းသိရသည်။
မြန့်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ပြည်သူများကအေးချမ်းစွာ ပါဝင်ဆင်နွဲနေကြပြီး ရေကစားမဏ္ဍပ်များတွင် မုန့်လုံးရေပေါ် စတုဒီသာများ၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းများဖြင့် ကုသိုလ်ပြုကျွေးမွေးလျက်ရှိကြသည်။ ထို့ပြင် ရေကစားရာတွင် ဒေသခံပြည်သူများတစ်ဦးနှင့် တစ်ဦးခိုက်ရန်မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါသည်။
မဇင်(ပြန်/ဆက်)