သရက်ချောင်း ဧပြီ ၁၆
၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့ အတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် ပြည်သူများရေပက်ခံထွက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် နှစ်သစ်ကူးအတာ ရေသဘင်ပွဲတော်ကို စည်ကားစွာဖြင့် ဆင်နွှဲလျက်ရှိကြသည်။
သင်္ကြန်အကြတ်နေ့၊ မြို့နယ်မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် နံနက် ၈ နာရီမှ ၁၁ နာရီအထိ၊ ညနေ ၃ နာရီမှ ၇နာရီအထိသင်္ကြန်ယိမ်း အကအဖွဲ့များက ယိမ်းအကအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများ၊ ခေတ်ပေါ်တေး သီချင်းများ၊ DJ Music ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေလျက်ရှိကြရာ မဏ္ဍပ်ရှေ့တွင် ပြည်သူများမှ အေးချမ်းပျော်ရွင်စွာ သင်္ကြန်ပွဲတော်ကို နွဲပျော်လျက်ရှိပြီး နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင် စည်ကားစွာနွှဲပျော်လျက်ရှိကြကြောင်း သိရသည်။
နန်းခလိုက် (သရက်ချောင်း)