ဝါးခယ်မ ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယနေ့နံနက်ပိုင်းတွင် ရေပတ်ခံကစားသူပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ တစ်နှစ်လျှင်တစ်ကြိမ်သာကျရောက်သည့် မြန်မာရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်ကြည်နူးစွာမြန်မာ့ဓလေ့းတမ်းအစဥ်အလာများနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အတာသင်္ကြန်ကို အကြိုနေ့မှစ၍ ပြည်သူများပျော်ရွှင်ဝမ်းမြောက်စွာရေကစားနိုင်ပြီး စတုဒီသာအကျွေးအမွေးများကိုလည်း ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများမှ သင်္ကြန်ကာလတစ်လျှောက် ကျွေးမွေးဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်ဆန်း(၁)ရက်နေ့တွင်လည်း မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲများကိုစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)