သရက် ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ဗဟိုမဏ္ဍပ် သင်္ကြန်အကြတ်နေ့ ညနေပိုင်းတွင် အတာရေပက်ဖျန်းသူများ အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိရာရပ်ကွက်များတွင်လည်း စတုဒီသာများကျွေးမွေး လှူဒါန်းကြပြီး ဗဟိုမဏ္ဍပ်တွင်ဌာနဆိုင်ရာများမှ စတုဒီသာကျေးမွေးခြင်းများဖြင့် ဧည့်ခံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များမှ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေပြီး ပြည်သူများမှ အေးချမ်းပျော်ရွှင်စွာအတာရေ ပက်ဖျန်းသူများ ရေကစားလျက်ရှိကြောင်း သိရသည်။
ဘုရားကျောင်းကန်များတွင်လည်း သီလစောင့်တည်သူများရှိပြီး ဘုန်းတော်ကြီး ကျောင်းနှင့် ရိပ်သာများတွင် ဒုလ္လဘရဟန်းနှင့် ယောဂီများမှ တရားအားထုတ်မှူများပြုလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)