ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် အများပြည်သူ ဗဟုသုတရရှိစေမည့် အစီအစဉ်များ online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိ

ငါးသိုင်းချောင်း  အောက်တိုဘာ

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်း၊ ကလေးကစားကွင်းနှင့် လူစုလူဝေးဖြင့် ကျင်းပရသည့် အခမ်းအနားများ ကျင်းပခြင်းကို ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယာယီပိတ်ထားသော်လည်း အများပြည်သူ ဗဟုသုတရရှိစေမည့် အကြောင်းအရာ များကို ဌာန၏လူမှုကွန်ရက် စာမျက်နှာများ (Facebook Page)ကတစ်ဆင့် (online)အစီအစဉ်ဖြင့် ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများက ရိုက်ကူး၊ တင်ဆက်၊ ထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက အငယ်တန်းစာရေး၊ ဒေါ်အိအိသော်က ဆရာကြီးမင်းသုဝဏ်၏ ကလေးကဗျာများ စာအုပ်ရှိ `ကိုဥဩ'ကဗျာကို ကဗျာရွတ် အစီအစဉ် ရိုက်ကူး၊ ထုတ်လွှင့်တင်ဆက် ပေးလျက် ရှိသည်။

အလားတူ လူထုခြေပြုဗဟိုဌာနသို့ မလာရောက်နိုင်သည့် ပြည်သူများ  အသိပညာဗဟုသုတ ရရှိစေရန် အတွက် စာအုပ်မိတ်ဆက်၊ ပုံပြင်ပြော၊ စက္ကူခေါက် အစီအစဉ်များ၊ ကျန်းမာရေးနှင့် အထွေထွေ အကြောင်းအရာ သိကောင်းစရာ အစီအစဉ်များကိုလည်း online မှတစ်ဆင့် အဆက်မပြတ် ရိုက်ကူး၊ ထုတ်လွှင့် တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ငါးသိုင်းချောင်းမြို့၌ လတ်တလော ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသသတင်း အကြောင်းအရာ များကို အများပြည်သူ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် IPRD Ngathaingchaung Page နှင့်ငါးသိုင်းချောင်းမြို့ ပြည်သူ့စာကြည့်တိုက်” Facebook Page တို့တွင် အဆက်မပြတ် ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိကြောင်း ဦးစီးမှူး ဒေါ်ရီရီလွင်က ပြောကြားခဲ့သည်။

စိုးမင်းဦး(ပြန်/ဆက်)