အိမ်မဲ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ၊ ရေပတ်ခံထွက်သူများ၊ လမ်းလျှောက်သင်္ကြန်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများက မြန်မာလူမျိုးတို့၏ဓလေ့ထုံးတမ်းစဥ်လာအရ ရေပတ်ခံထွက်သူများအား စတုဒိသာများလည်း ကျွေးမွေးလှူဒါန်းနေကြောင်းလည်း သိရသည်။
နှစ်ဆန်း(၁)ရက်နေ့တွင်လည်း (၁၁၅)ကြိမ်မြောက် အိမ်မဲမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်လှူပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)