အင်္ဂပူ ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်လုံးဆိုင်ရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ယမန်နေ့နံနက်ပိုင်းက ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
အဆိုပါ အင်္ဂပူမြို့နယ်လုံးဆိုင်ရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်းများ၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများရောက်ပြီး ယိမ်းအကများ၊ တေးသီချင်း ဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဆုတော်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
အင်္ဂပူမြို့နယ်လုံးဆိုင်ရာ ဗဟိုမဏ္ဍပ်တွင် မဟာသင်္ကြန်အကျနေ့မှစတင်ပြီး အတက်နေ့အထိ ယိမ်းအဖွဲ့များ၊တေးဂီတအဖွဲ့များမှ ဧည့်ခံဖျော်ဖြေပေးမည်ဖြစ်ပြီး စတုဒိသာများလည်းကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)