စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ရေသဘင်မဏ္ဍပ်များသို့ လိုက်လံကြည်ရှုအားပေး

မုံရွာ ဧပြီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက်  ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် မြန်မာ့ရိုးရာယဉ် ကျေးမှုမဟာသင်္ကြန်ပွဲတော် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးဌာနမဏ္ဍပ်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုံတပ်နယ်ရှိတပ်ရင်း တပ်ဖွဲ့များ၏ ယိမ်းအကအဖွဲ့များနှင့် တစ်ပင်တိုင်အက ပြိုင်ပွဲဝင်တေးသီချင်းများဖြင့် ယှဉ်ပြိုင်နေမှုများနှင့် ရုပ်ရှင်သရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ပြည်သူများနှင့် သင်္ကြန်ချစ်သူများက ပျော်ရွှင်စွာဖြင့် ရေကစားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ပိတောက်အားမာန် ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကာ မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအက အလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် နိုင်ငံကျော်အဆိုတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများအားလိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အလုံတပ်နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရေသဘင်မဏ္ဍပ်များသို့ရောက်ရှိရာ ရေသဘင်မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့်ဗီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြမှုအား ကြည့်ရှုအားပေးကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ဇနီးနှင့် တာဝန်ရှိသူများက အတာရေများပက်ဖျန်းပေးခဲ့ပြီး ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များ တွင်ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်