ချောင်းသာမြို့တွင် အထူးရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း (၁/၂၀၂၀) ဖွင့်လှစ်

ချောင်းသာ  အောက်တိုဘာ ၂

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အထူးရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်  ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ အထူးရဲတပ်ဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး သင်တန်း (/၂၀၂၀) ကို ယနေ့ နံနက် ၈ နာရီက ချောင်းသာမြို့၊ နယ်မြေခံရဲစခန်း ခန်းမဆောင်၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ချောင်းသာမြို့ နယ်မြေခံရဲစခန်းမှ ရဲအုပ်သန်းဇော်ဦးက သင်တန်းအဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

သင်တန်းတွင် ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့မှ အထူးရဲသင်တန်းသား (၃၃)ဦးအား အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ရက်နေ့ထိ သင်တန်းဖွင့်လှစ်ပို့ချ သွားမည်ဖြစ်သည်။

သင်တန်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကာလ ပြီးမြောက်ပါက ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်များ ထမ်းဆောင် ကြရမည် ဖြစ်ကြောင်း သိရသည်။

အထူးရဲတပ်ဖွဲ့ဝင်များ၏ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်းသို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် မြို့ မီးသတ်ဦးစီးမှူး ဦးဝေယံစိုးတို့ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့မီးသတ်ဦးစီးမှူး ဦးဝေယံစိုးတို့ တက်ရောက်ကြပြီး၊ သင်တန်းတွင် ချောင်းသာမြို့နှင့်ရွှေသောင်ယံမြို့မှ အထူးရဲသင်တန်းသား (၃၃) ဦးအား အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ရက်နေ့ထိ သင်တန်းဖွင့်လှစ်ပို့ချ သွားမည်ဖြစ်သည်။

သင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ထားရှိပြီး၊ အထူး ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပုသိမ်ခရိုင်၊ ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)