ပုသိမ်မြို့၌ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိ

ပုသိမ်      ဧပြီ      ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ပုသိမ်မြို့၊ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် အေးချမ်း ပျော်ရွှင်စွာရေကစားကြသူများ၊ လမ်းလျှောက် သင်္ကြန် ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိပြီး ကမ်းနားလမ်းရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များတွင်တေးသီချင်းများ၊ မဏ္ဍပ်အသီးသီးတို့တွင် အလှူရှင်များက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ဖြင် မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲ လျက် ရှိကြောင်းသတင်းရရှိသည်။

မြင့်ဟန်