မင်းလှ ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ဗဟိုမဏ္ဍပ်ကို အမှတ်(၆) ရပ်ကွက်၊ ဘူတာရုံလမ်း၌ဖွင့်လှစ်ကျင်းပလျက်ရှိရာ ဧပြီ ၁၅ ရက်မဟာသင်္ကြန်အကြတ် နေ့တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိ ကြောင်းသိရသည်။
သင်္ကြန်မဏ္ဍပ်တွင်ယိမ်းအဖွဲ့(၆)ဖွဲ့ကအလှည့်ကျကပြဖျော်ခြင်း၊ တေးသံရှင်များကသီဆို ဖျော်ဖြေခြင်းများပြုလုပ်ခဲ့ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ဒေသခံပြည်သူများက ဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
သင်္ကြန်ဗဟိုမဏ္ဍပ်ကို သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အေးချမ်းပျော်ရွှင်စွာဖြင့်လာရောက် ရေးကစာရေကစားကြလျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ရေကစားရန် လာရောက်ကြသူများကိုစတုဒိသာအဖြစ် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ အအေးများဧည်ခံကျွေးမွေးခဲ့ကြောင်း၊ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်းထားရှိပေးကြောင်းသိရသည်။
ပေါက်စ(မင်းလှ)