ဖြူးမြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း ဖြူးချောင်းဆည်ရေပိုလွှဲတွင် ရေကစားသူများ စည်ကားလျက်ရှိ

ဖြူး ဧပြီ ၁၅

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အနယ်နယ်အရပ်ရပ်တွင် ဆင်နွှဲလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲအတွင်း ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်းရှိ ဖြူးချောင်းဆည်သည် အပန်းဖြေစရာနေရာတစ်ခု မဟုတ်သော်လည်း ယခုကဲ့သို့ သင်္ကြန်ကာလတွင် ရေကစားသူများများပြားပြီး အဆိုပါရေကစားသူများအား အမှီပြု၍ ဈေးဆိုင်တဲထိုးကာ အဆာပြေစားစရာများ၊ အအေးနှင့် အဖျော်ရမကာများရောင်းချခြင်း၊ ထို့အပြင်  ဘောကွင်းများ စီစဉ်ငှားပေးခြင်းများဖြင့် ဝင်ငွေရရှိနေကြောင်း ဒေသခံဈေးရောင်းချသူများထံမှ သိရသည်။

ဖြူးချောင်းဆည်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၁၁၅)မိုင် အနောက်ဘက် (၅)မိုင်အကွာအဝေးတွင်တည်ရှိပြီး ဖြူးဒေသအနေဖြင့် အခြားအားလပ်ရက်များတွင် ရေချိူးခြင်းရေကစားခြင်း အပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိပြီး သင်္ကြန်ပွဲတော်ကာလအတွင်း ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကားများဖြင့် နှစ်ဆန်းတစ်ရက်နေ့အထိ သွားရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)