ဟင်္သာတမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်အကြတ်နေ့ဗဟိုမဏ္ဍပ်တွင် ရေကစားပြည်သူများဖြင့်စည်ကား

ဟင်္သာတ ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကြတ်နေ့ ဟင်္သာတခရိုင် ဗဟိုမဏ္ဍပ်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ကစားလျက်ရှိကြသည်။

အဆိုပါမြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယိမ်းအဖွဲ့များ၏အကဖျော်ဖြေရေးအစီအစဉ်များ၊ တေးသံရှင်အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး စတုဒိသာများ ကျွေးမွေးခြင်းမျာလည်း ဆောင်ရွက်ခဲ့ကြ​ပြီး ရေကစားမဏ္ဍပ်တွင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ရေပက်ကစားကြကာ စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ကိုဇော်-ဟင်္သာတ