ကျိုက်လတ် ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ကျင်းပလျက်ရှိရာ ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာယိမ်းအကအဖွဲ့များနှင့် တေးဂီတအစီအစဉ်များကို အေးချမ်းပျော်ရွှင်စွာ သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး ဌာနဆိုင်ရာများနှင့် အလှူရှင်များကလည်း စတုဒိသာများ ကျွေးမွေးခဲ့ကြသည်။ ထို့နောက် ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ဒေါ်ရီရီမြင့်