တောင်ငူမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကြတ်နေ့တွင် ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ

တောင်ငူ   ဧပြီ ၁၅

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (သင်္ကြန်အကြတ်နေ့)တွင် တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ပြည်သူများမှ မြန်မာ့ရိုးရာယဥ်ကျေးမှုသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြသည်။

အဆိုပါ တောင်ငူမြို့မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌  သင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ Stage Show ကဏ္ဍများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိရာ ယနေ့သင်္ကြန်အကြတ်နေ့တွင် ရေသဘင်လာရောက်ဆင်နွှဲကြသူများဖြင့် စည်းကားလျက်ရှိသကဲ့သို့ တောင်ငူမြို့ပေါ်လမ်းမများ၌ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး စတုဒိသာကျွေးမွေးအလှူဒါနပြုကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများနှင့် တရားစခန်းများတွင် တရားဘာဝနာရှုမှတ်ပွားများအားထုတ်နေ ကြသူများလည်း များပြားလျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်