ဒေးဒရဲ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းမပေါ်တွင် သင်္ကြန်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိရာ ယနေ့သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။
မြန်မာ့ရိုးရာယဥ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေး မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများက ယိမ်းအဖွဲ့များမှ သင်္ကြန်ယိမ်းအကများ၊ အခြေခံပညာကျောင်းများက ဖျော်ဖြေရေး အစီအစဥ်များနှင့် ခေတ်ပေါ်စတိတ်ရှိုးတေးဂီတများဖြင့် သီဆိုကပြ ဖျော်ဖြေလျက်ရှိပြီး မဟာသင်္ကြန်ပွဲတော် ကာလအတွင်း လာရောက်ဆင်နွှဲကြသော ပြည်သူများကို ဌာနဆိုင်ရာများက တစ်ရက်ချင်းအလိုက် အလှည့်ကျ ရွှေရင်အေး၊ သာကူ၊ ထမင်းစသည့် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း