ရေတာရှည် ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ တွင် အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိကြောင်းသိရသည်။
၂၀၂၃-ခုနှစ် မြန်မာ့ရိုးရာနှစ်ကူးမဟာ သင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီ အစဉ်များနှင့် ရေကစားမဏ္ဍပ်များ ဆောင်ရွက်ပေးထားပြီး သင်္ကြန်အကြိုနေ့မှစတင်ကာ ပြည်သူများ အေးချမ်းစွာရေကစားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီက စီစဉ်ဆောင် ရွက်ပေးထားလျက်ရှိသည်။
သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင်ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေး အစီအစဉ်များနှင့် ရေကစား မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များဖြင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပဆောင်ရွက်ပြီး ညနေပိုင်းတွင်လည်း ဖျော်ဖြေရေး အစီအစဉ်များနှင့်သင်္ကြန်ယိမ်းအကပြိုင်ပွဲအား ဆက်လက် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကာ လာရောက်ဆင်နွှဲကြသော ပြည်သူများအားမုန့်လုံးရေပေါ် စတုဒီသာများ ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
ရေတာရှည်(ပြန်/ဆက်)