မြန်အောင်၌ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ (အကြတ်နေ့) အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

မြန်အောင်   ဧပြီ   ၁၅

ဧရာဝတီတိုင်းဒေသကြီး ၊မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ယနေ့နံနက်ပိုင်းက မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲ (အကြတ်နေ့) နံနက်ပိုင်းတွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်းသိရသည်။

မြန်အောင်မြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်အား ရိုးရာအစဥ်လာမပျက် ကျင်းပလျက်ရှိရာ ရေပက်ခံထွက်သူများ၊ ရေပက်သူ များဖြင့် စည်ကားလျက်ရှိပြီး မြန်အောင်ခရိုင် သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊  တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ၊ စတုဒီသာ ကျွေးမွေးမှုများဖြင့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မြန်အောင်(ပြန်/ဆက်)