ဖျာပုံမြို့၌မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကြတ်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာရေပက်ကစားခြင်းဖြင့်စည်ကား

ဖျာပုံ  ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှုမ ဟာသင်္ကြန်အကြတ်နေ့ဖျာပုံဗဟိုမဏ္ဍပ်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ကစားလျက်ရှိကြသည်။

အဆိုပါ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ယိမ်းအဖွဲ့များနှင့်ဖျော်ဖြေရေး အစီအစဉ်အနေဖြင့်တေးသံရှင် အဆိုတော်များကသီဆိုဧည့်ခံ ဖျော်ဖြေလျက်ရှိပြီး မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း စတုဒီသာများကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရေကစားမဏ္ဍပ်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ရေပက်ကစားကြပြီး၊ စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းနိုင်