ရေဖြူ ဧပြီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျောက္ကညာကျေးရွာ၊ သာသနာဟိတ ကျောင်းဆရာတော်နှင့် အပျိုလူပျိုအသင်းမှမှ စုပေါင်းလှူဒါန်းသည့် သက်ကြီးဘိုးဘွား နှစ်သစ် ကူးပူဇော်ကန်တော့ပွဲအခမ်းအနားကို ဧပြီ ၁၅ရက် နံနက် ၈နာရီခွဲကရေဖြူ မြို့နယ်၊ ကျောက္က ညာကျေးရွာ၊ သာသနဟိတကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သာသနဟိတကျောင်းဆရာတော် ဦးတေဇဝံသက ဩဝါဒစကားမြွက်ကြားပြီး သက်ကြီးအဘိုးအဘွား(၅၀)ဦးအား အဟာရအစားအစာများ နှင့်ငွေကျပ်သုံးသောင်း နှုန်းပေးအပ် ၍ ကန်တော့ခဲ့ကြပြီးနောက် အဘိုးအဘွားများ၏ (ကိုယ်စား) အဘိုး ဦးဘငွေကနှစ်သစ် ဆုတောင်း စကားပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ခတ္တာ