ဟိုင်းကြီးကျွန်းမြို့ရှိ ကျုံကူး၊ ရေကျော်၊ ဘုရားလှ၊ စမ်းကြီး၊ သဲကုန်းကြီး၊ ညောင်ဝိုင်းကျေးရွာအုပ်စုများ၌ ကျွဲနွားခွာနာလျှာနာရောဂါ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ကျုံကူး၊ ရေကျော်၊ ဘုရားလှ၊ စမ်းကြီး၊ သဲကုန်းကြီး၊ ညောင်ဝိုင်း ကျေးရွာအုပ်စုများတွင် ကျွဲနွားခွာနာလျှာနာရောဂါမဖြစ်ပွားစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျုံကူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဟိုင်းကြီးကျွန်းမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီးကြပ်ရေးမှူးဦးထက်မျိုးဝေမှ ကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများ၊ ကျွဲ၊ နွားခွာနာလျှာနာ၏ ရောဂါလက္ခဏာများနှင့် မည်သို့ကြိုတင်ကာကွယ်ကြရမည့်အချက်များကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကျုံကူး၊ ရေကျော်၊ ဘုရားလှ၊ စမ်းကြီး၊ သဲကုန်းကြီး၊ ညောင်ဝိုင်းကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာ အထောက်အကူပြုအဖွဲ့များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီး စိတ်ပါဝင်စားစွာ လိုက်ပါဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)