ကျောင်းကုန်း ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ယနေ့သင်္ကြန်အကြတ်နေ့ နံနက် ၈ နာရီအချိန်အေးချမ်းစွာသီဆိုကပြဖျော်ဖြေကာ ရေပက်ကစားခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်ဖြစ်သော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များနှင့် ပညာရေးဌာနမှ ယိမ်းအဖွဲ့များ၊ မြို့နယ်သဘင်အစည်းအရုံးမှ မြန်မာသံစဥ်တေးသံရှင်များ၊ လုပ်ငန်းရှင်အဖွဲ့များမှ စတူဒီယိုတေးသံရှင်များနှင့် ခေတ်ပေါ်တေးသံရှင်များက အလှည့်ကျ ဧည့်ခံဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)