ငပုတောမြို့၌ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့နံနက်ပိုင်း တွင် ရေကစားသူများဖြင့်အထူး စည်ကားလျက်ရှိ

ငပုတော ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မဟာသင်္ကြန်ပွဲအကြတ်နေ့ နံနက်ပိုင်းတွင် ငပုတောမြို့ အတာသင်္ကြန်ဗဟိုမဏ္ဍပ်တွင်လည်း တေးသံသာများ၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေလျက်ရှိရာ ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွင်စွာ ရေကစားနေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲ များမှ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး ဂုဏ်ပြုဆု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အလားတူ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များတွင်လည်း အတာ သင်္ကြန်ပွဲတော် အကြတ်နေ့၌ရေကစားကြသူများ၊ စတုဒီသာ ကျွေးမွေးကြသူများဖြင့် အေးချမ်း ပျော်ရွှင်စွာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်းသိရသည်။

အောင်သူ (ပြန်/ဆက်)