မြောင်းမြ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့တွင် ဖျော်ဖြေရေးများ၊ စတုဒီသာကျွေးသူများ၊ ရေပက်ခံထွက် ရေကစားသူများဖြင့် ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ စည်ကားလျက်ရှိကြောင်းသိရသည်။
မြောင်းမြမြို့ မဟာသကြင်္နအကြတ်နေ့၌ ဗဟိုမဏ္ဍပ်နှင့် မြို့နယ်ရေကစား မဏ္ဍပ်တို့တွင် ယိမ်းအဖွဲ့များ တေးသံရှင်များ သီဆိုကပြဖျော်ဖြေခြင်း၊ ယိမ်းအဖွဲ့များ ယှဥ်ပြိုင်ခြင်း၊ စတုဒီသာမဏ္ဍပ်များတွင် ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ ကျောက်ကျော၊ ကောက်ညှင်းရွှေကြည်၊ အအေးများ ကျွေးမွေးလှူဒါန်းခြင်း၊ ပြည်သူများ ပျော်ရွှင်စွာ ရေပက်ခံရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)