ကျောက်ကြီး ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ(အကြတ်နေ့) ယနေ့ နံနက်ပိုင်း၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့ ဆားတန်းရပ်ကွက်ရှိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံပေးထားပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒီသာများ ကျွေးမွေးဧည့်ခံပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျှက်ရှိပြီး ယနေ့မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ(အကြတ်နေ့) မြို့နယ်လမ်းလျှောက်သင်္ကြန် မဏ္ဍပ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များက မုန့်လက်ဆောင်၊ အချိုရည်များနှင့် စတုဒီသာကျွေးမွေးဧည့်ခံပေးခြင်းနှင့် နှစ်သစ်ကူး အတာသင်္ကြန်ရေများ ပက်ဖြန်းခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)