အောင်လံမြို့၌ သင်္ကြန်အကျနေ့ အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိ

အောင်လံ ဧပြီ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ သင်္ကြန်အကျနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဗဟိုမဏ္ဍပ်၌ အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိရာ ဗဟိုမဏ္ဍပ်သို့ လာရောက်ရေကစားကြသည့် ပြည်သူများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များမှ စတုဒီသာကျွေးမွေး ဧည့်ခံလျက်ရှိသည်။

ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များနှင့် မြူးတေဂီတမှ အဆိုရှင်များက အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေပြီး ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။ အောင်လံမြို့ပေါ်ရှိ ဘုရားကျောင်းကန်များနှင့် စေတီပုထိုးများတွင်လည်း သီလစောင့်တည်သူများ၊ ဘုန်းတော်ကြီးကျောင်းနှင့် ရိပ်သာများတွင် ဒုလ္လဘရဟန်း၊ သီလရှင်များနှင့်ယောဂီများ တရားဘာဝနာပွားများအား ထုတ်လျက်ရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)