လှိုင်းဘွဲ ဧပြီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော မဟာသင်္ကြန်ပွဲတော်ကို ကျင်းပလျက်ရှိရာ မဟာသင်္ကြန်အကြတ်နေ့ ယနေ့တွင်ရေပက်ကစားသူများဖြင့် စည်းကာလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မဟာသင်္ကြန်ပွဲတော်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ ယိမ်းအကအဖွဲ့(၉)ဖွဲ့ဖြင့် သင်္ကြန်မဏ္ဍာများတွင် ကပြဖျော်ဖြေပေးခြင်း၊ တေးဂီတများ ဖျော်ဖြေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မဟာသင်္ကြန်ကာလအတွင်း ပြည်သူများအေးချမ်းပျော်ရွင်စွာ ရေကစားနိုင်ရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်ရင်း၊တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများလုံခြုံစိတ်ချစွာ ရေကစားနိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများကလည်း ရေပက်ကစားခြင်းကို စိတ်အေးချမ်းပျော်ရွင်စွာဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)