နတ်မောက်မြို့၌ သင်္ကြန်ကာလရုံးပိတ်ရက်များတွင် နတ်မောက်ယင်းချောင်း ရေကစားခြင်းနှင့် အပန်းဖြေသူများ စည်ကား

နတ်မောက်   ဧပြီ ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ နွေရာသီရောက်ရှိ၍ အပူဒဏ်ကိုကာကွယ်ခြင်း သင်္ကြန်ကာလဖြစ်သည့် နတ်မောက်ယင်းချောင်းတွင် ရေကစားခြင်းနှင့်အပန်းဖြေအနားယူ၍ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာရှိကြောင်း သိရသည်။

နတ်မောက်မြို့ရှိ ယင်းချောင်း၌ရေကစားကြရာတွင် သင်္ကြန်ကာလရုံးပိတ်ရက်ရှည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအပြင် ရက်နီးရက်ဝေးရှိ ပြည်သူများလာရောက်လည်ပတ်ကာ ယင်းချောင်းအတွင်း ရေကစားခြင်း၊ ဈေးဆိုင်ခန်းများ၏ ဖွင့်လှစ်ရောင်းချသည့် စားသောက်ဖွယ်ရာများအား ဝယ်ယူအားပေးလျက်ရှိကြောင်းသိရသည်။

“အန်တီတို့က ဝန်ထမ်းတွေဆိုတော့ အခုလို သင်္ကြန်ကာလရုံးပိတ်ရက်ရှည်ဖြစ်သည့်အတွက်ရလာတဲ့အချိန်လေးကို စိတ်အပန်းဖြေစေရန် မိသားစုများနှင့်ဆွေးမျိုးများ သုံးဘီးငှားပြီး ဒီယင်းချောင်းကို ရေကစားလာရင်းကလေးတွေလည်း ပျော်အောင် ဒီယင်းချောင်းကရေကအမြဲစီးဆင်းနေတော့ ရေက လဲသန့်တယ်၊ ဘေးပတ်ဝန်းကျင်ကလည်း သန့်ရှင်းတော့ရေကစားရင်း လေကောင်းလေသန့်ရသည့် အတွက် စိတ်ထဲမှာလည်း ကြည့်နူးမိတယ် ဝမ်းလည်းသာသလို အလွန်လည်း ပျော်ရွှင်မိပါတယ်”ဟု ရေကစားလာသည့် အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

လှဝင်း