ကော့သောင်း ဧပြီ ၁၅ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ဧပြီ ၁၃ ရက်နေ့မှ စတင်ဖွင့်လှစ်ဆင်နွှဲနေသည့် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို မြို့နေပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြသည်။
ကော့သောင်းမြို့နယ်၏ မဟာသင်္ကြန်ဗဟိုဆုပေးမဏ္ဍပ်တွင်နေ့စဉ် နံနက်ပိုင်းမှစတင်၍ နိုင်ငံကျော်တေးသံရှင်များ၊ လှပျိုဖြူယိမ်းအဖွဲ့များမှ အလှည့်ကျကပြသီဆိုဖျော်ဖြေလျက်ရှိရာ ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အဆိုပါဗဟိုဆုပေးမဏ္ဍပ်တွင် မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များ၏နေ့စဉ် ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို မြို့နေပြည်သူများ တစ်ခဲနက်လာရောက် အားပေးကြည့်ရှုခြင်းဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)