အုတ်ဖို ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့၌ မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် ဗဟိုရေကစားမဏ္ဍပ်၌ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များက ခါသင်္ကြန်အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ရေကစားရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ စတုဒိသာများ ကျွေးမွေးဧည့်ခံကြသည်။ ရေပက်ခံအဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ယာဉ်တို့ဖြင့် ပျော်ရွှင်စွာရေပတ်ခံထွက်ကြကြောင်း သိရသည်။
အောင်သူ