အိမ်မဲ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်(၁၀)ရက် မဟာသင်္ကြန်အကျနေ့တွင် နံနက်ပိုင်းမှစတင်၍ ရေပတ်ခံထွက်သူများ၊ ရေကစားကျသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ရေကစားကြသူများက မော်တော်ကားများ၊ ထော်လာဂျီများ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီများ၊ လမ်းလျှောက်ကြသူများဖြင့် ရေပတ်ခံထွက်ကြပြီး ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်အသီးသီးမှ ပျော်ရွှင်စွာဖြင့် ရေလောင်း၊ ရေကစားလျက်ရှိသည်။
မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းများအရ သင်္ကြန်ကာလတွင် စတုဒိသာကျွေးမွေးကြရာ ယနေ့တွင် အိမ်မဲမြို့ပေါ် ရပ်ကွက်၊ ကျေးရွာရှိလူမှုရေးအသင်းများ ပြည်သူများက ထမင်း၊ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ အအေး၊ မုန့်လက်ဆောင်းစသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိသည်။
ချစ်သက်လယ်(အိမ်မဲ)