မဟာသင်္ကြန်(အကျနေ့) ပြည်မြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ပြည် ဧပြီ ၁၅

မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်(အကျနေ့) ဧပြီ ၁၄ ရက် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတဝိုင်းဖြင့် တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်‌ဖြေ‌မှုအစီအစဉ်များ၊ မြန်မာ့ရိုးရာသင်္ကြန်‌ တေးသီချင်းများဖြင့် ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင်အကအလှ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ အတာရေသဘင်ပွဲတော်၌ ရေကစားသူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိပြီး ကမ်းနားလမ်းဆိပ်ခံဗောတံတားမှ ဧရာဝတီမြစ်ကမ်း‌စပ်အထိ လမ်းလျှောက်သင်္ကြန်၌လည်း ရေကစားသူများဖြင့်စည်ကားလျက်ရှိကာ ကမ်းခြေရှိဈေးဆိုင်တန်းများ၌အပန်းဖြေသူများ၊ ဧရာဝတီမြစ်နှင့်နဝဒေးတံတားနောက်ခံရှုခင်းနှင့်အတူ အလှဓာတ်ပုံမှတ်တမ်းရိုက်ကူးကြသူများ၊ မြစ်ကမ်းခြေသတ်မှတ်ဧရိယာအတွင်း ရေဆင်းကူးသူများ၊ ရေကစားသူများနှင့် အပျော်တမ်းစက်လှေစီးသူများဖြင့် စည်ကားလျက်ရှိ‌ကြောင်း သိရသည်။

ကိုဆက်