ကန့်ဘလူ ဧပြီ ၁၄
မြန်မာတို့၏ရိုးရာယဥ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို အစဥ်အလာမပျက် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးဦးဆောင်ပြုကာ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ဗဟိုမဏ္ဍပ်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
အဆိုပါရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့်ပြိုင်ပွဲဝင် ယိမ်းပျို ဖြူအကအဖွဲ့များက နံနက် ၈ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ၆ နာရီအထိလည်းကောင်း ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာဖြင့် ရေကစားနိုင်စေရန် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပြည်သူများ၏လုံခြုံရေး၊ ထိခိုက်မှုနှင့် ခိုက်ရန်မဖြစ်ပွားစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)