မုံရွာ ဧပြီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဗဟိုမဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ နိုင်ငံကျော်ရုပ်ရှင့်နှင့်ဗွီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဇနီးနှင့် တာဝန်ရှိသူများက အတာရေများပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဌာနမဏ္ဍပ်သို့ရောက်ရှိရာ မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး စတုဒိသာမဏ္ဍပ်များနင့် ရေကစားများတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဌာနမဏ္ဍပ်၊ ရွှေပါတောက်ပျိုမေမဏ္ဍပ်သို့ရောက်ရှိရာ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များ၏ ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြီးပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးမဏ္ဍပ်သို့ ကြည့်ရှုအားပေးခဲ့ သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်