ကော့သောင်းမြို့၊ မဟာသင်္ကြန်အကျနေ့ မြို့နေပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားအပန်းဖြေ

ကော့သောင်း ဧပြီ ၁၄ 

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယနေ့မဟာသင်္ကြန်အကျနေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားကြပြီး မြို့၏အထင်ကရနေရာများတွင် အနားယူအပန်းဖြေသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်မြို့နယ်ဗဟိုမဏ္ဍပ်တွင် နံနက်ပိုင်းမှစတင်၍ နိုင်ငံကျော်တေးသံရှင်များနှင့်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုအစီအစဉ်များသို့ လာရောက်ကြည့်ရှုအားပေးကြသည့် လူငယ်လူရွယ်များ လွတ်လပ်ပျော်ရွှင်စွာဖြင့် ရေသဘင်ပွဲပျော်ရွှင်စွာဆင်နွှဲကြသည်ကို တွေ့မြင်ရသည်။

ကော့သောင်းမြို့အနှံ့လှည့်လည်ရေပက်ခံထွက်ကြရင်း မြို့၏အထင်ကရနေရာဖြစ်သည့် မလိဝမ်းရေတံခွန်နှင့်ရေပူစမ်းနေရာများသို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် သွားရောက်အပန်းဖြေလည်ပတ်ကြသည့် မိသားစုများဖြင့်စည်ကားလျက်ရှိပြီး မဟာသင်္ကြန်ပွဲတော် အကျနေ့ကိုပြည်သူများပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)