ဘားအံ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်းပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန်အကျနေ့တွင် ဘားအံမြို့ပေါ်ရှိ ပြည်နယ်အဆင့်ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များနှင့် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ရေကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဘားအံမြို့ အမှတ်(၃)ရပ်ကွက်၊ မြို့မဘောလုံးကွင်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တပင်တိုင်အကများ၊ အနုပညာရှင်များ၏ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်းပေးကြကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကမ်းနားလမ်းရှိ ပိတောက်ပွင့်သစ် အမှတ်(၂)မဟာ သင်္ကြန်မဏ္ဍပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ပိတောက်အချစ်ဆုံး အမှတ်(၃)ရေကစားမဏ္ဍပ်၊ သယံဇာတရေးရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ လူမှုရေးရာဝန်ကြီးဌာန မိသားစုရေကစားမဏ္ဍပ်၊ ပိတောက်ဝါမွှေးအမှတ်(၄)ရေကစားမဏ္ဍပ်၊ စီးပွားရေးရာဝန်ကြီးဌာနရေကစား မဏ္ဍပ်များသို့လှည့်လည်၍ ရေပက်ခံထွက်ရေကစားခဲ့ကြပြီး အဆိုပါမဏ္ဍပ်များ၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ တပင်တိုင် အကအလှများ၊ တေးသံရှင်များ၏ သီဆိုကပြဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်းပေးကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့မဟာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသည့် ခေမာလမ်းထိပ်မှ အင်ကုန်းလမ်းထိပ်ထိ မုခ်ဦးအလှ၊ ထီးအလှ၊ ပိတောက်ပန်းအလှ၊ ရေပန်းအလှများဖြင့် တန်ဆာဆင်ထားသော လမ်းလျှောက်သင်္ကြန်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားစွာ ရေကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဘားအံမြို့၊ ဇွဲကပင်ပန်းခြံရှိ စည်ပင်သာယာရေးအဖွဲ့ ရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကအလှများ၊ တေးသံရှင်များ၏ သီဆိုကပြဧည့်ခံဖျော်ဖြေ မှုများအားကြည့်ရှုအားပေး၍ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်းကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ ကမ်းနားလမ်း၊ မြို့မဘောလုံးကွင်းရှိ ဗဟိုမဏ္ဍပ်တွင်ကျင်းပပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အက ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မဟာသင်္ကြန်အကပြိုင်ပွဲကို ကိုယ်ပိုင်သံစဉ်တီးခတ်သီဆိုကပြသည့်ပြိုင်ပွဲနှင့် Copy သီဆိုတီးခတ် ကပြသည့်ပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲ၍ကျင်းပပြီး သင်္ကြန်ယိမ်းအကအဖွဲ့ ၂၇ ဖွဲ့၊ တပင်တိုင်အကအဖွဲ့ ၁၁ ဖွဲ့တို့က အလှည့်ကျယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး မဟာသင်္ကြန် အတက်နေ့ညပိုင်းတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)