ဟင်္သာတ ဧပြီ ၁၅
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများအေးချမ်း ပျော်ရွှင်စွာနှင့် စိတ်အေးချမ်းစွာရေကစားနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျောက်သင်္ကြန်ကို ဧပြီ ၁၃ ရက်နေ့မှစတင်ပြီး ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ သင်္ကြန်အကျနေ့၌ ပြည်သူများပျော်ရွှင်အေးချမ်းစွာ ရေကစားလျက်ရှိကြောင်း သိရသည်။
ရေကစားမဏ္ဍပ်၌ ဖျော်ဖြေရေးယိမ်းအကအစီအစဉ်များ၊ အဆိုတော်များက တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများပါဝင်ပြီး လမ်းလျှောက်သင်္ကြန်တွင်လည်း ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက်-ဟင်္သာတ