ဇလွန် ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ ညောင်ပင်စျေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍာပ်၌ မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းမှစတင်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။
မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်မှ ရေပက်ခံကစားလာပြည်သူများကို ဖျော်ဖြေရေးယိမ်းအဖွဲ့များမှသင်္ကြန်သီချင်းများ၊ တီးဝိုင်းအဖွဲ့မှတေးသီချင်းများဖြင့် ဖျော်ဖြေပေးလျက်ရှီပြီး မဟာသင်္ကြန်ကာလအတွင်း ပြည်သူများစိတ်အေးချမ်းသာယာပျော်ရွှင်စေရေးအတွက် မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ