မြိတ် ဧပြီ ၁၅
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်အတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သင်္ကြန်အကျနေ့ ဧပြီ(၁၄)ရက် နံနက်ပိုင်းမှစတင်ကာ ပြည်သူများအေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ချစ်သူပြည်သူများမှ အေးချမ်းပျော်ရွင်စွာဖြင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်၍ အတာရေသဘင်ပွဲတော်ကို နွှဲပျော်လျက်ရှိကြပြီး လမ်းသွားလာပြည်သူများအား လူငယ်များအစုအဖွဲ့အလိုက်၊ မိသားစုအလိုက်သင်္ကြန်သီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများဖွင့်၍ နှစ်သစ်ကူးသင်္ကြန်ရေများပက်ဖျန်းကာ အတာရေသဘင်ပွဲတော်ကို နွှဲပျော်လျက်ရှိကြသည်။
မြိတ်မြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များက ယိမ်းအက အကအလှများကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာများတွင်လည်း ဖျော်ဖြေရေးရေကစားမဏ္ဍပ်များ၌ ဖျော်ဖြေရေးအစီအစဉ်များဖြင့်ဖျော်ဖြေခြင်း၊ ရေကစားခြင်းဖြင့် သင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာ ဆင်နွှဲရှိကြကြောင်းသိရသည်။
ခိုင်ထူး ( ပြန်/ဆက် )