ပုသိမ်မြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် အေးချမ်းပျော်ရွှင်စွာရေကစားကြသူများ၊ စတုဒိသာ ကျွေးမွေးကြသူများဖြင့်စည်ကား

ပုသိမ်      ဧပြီ      ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲ​တော်အကျနေ့တွင် ​အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့၊ ကမ်းနားလမ်းရှုခင်းသာရင်ပြင်ရှိဗဟိုမဏ္ဍပ်နှင့်ဖျော်ဖြေရေးမဏ္ဍပ်များတွင် တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုဖျော်ဖြေလျက်ရှိပြီး လမ်းလျှောက်သင်္ကြန်တစ်လျှောက်ရှိ မဏ္ဍပ်အသီးသီးတို့တွင် အလှူရှင်များက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူပင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင်လည်း သင်္ကြန်ကာလ သီတင်းသီလဆောက်တည်ကြသူများ ရေကစားကြသူများ၊ စတုဒိသာ ကျွေးမွေးကြသူများဖြင့် အေးချမ်းပျော်ရွင်စွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။

မြင့်ဟန်