တောင်ငူမြို့၌  မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကျနေ့ ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ

တောင်ငူ   ဧပြီ ၁၅

၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့တွင်တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ပြည်သူများမှ မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြသည်။

အဆိုပါ တောင်ငူမြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌  သင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ Stage Showကဏ္ဍများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိရာ ယနေ့သင်္ကြန်အကျနေ့တွင် ရေသဘင်လာရောက်ဆင်နွှဲကြသူများဖြင့် စည်းကားလျက်ရှိသကဲ့သို့၊ တောင်ငူမြို့၌ စတုဒိသာကျွေးမွေးအလှူဒါနပြုကြသူများ၊ ဥပုသ်သီလဆောင်တည်ကြသူများနှင့် တရားစခန်းများတွင် တရားဘာဝနာရှုမှတ်ပွားများအားထုတ်နေကြသူများလည်းများပြားလျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)