မုံရွာမြို့မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ ဖျော်ဖြေတင်ဆက်မှုများအား ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

မုံရွာ ဧပြီ ၁၅

၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း ကန်သာယာတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ဧပြီလ ၁၄ ရက် မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊  မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် သင်္ကြန်ပွဲတော် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ  ပြည်သူများစိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့ကန်သာယာတွင် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအက အဖွဲ့ ၁၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အခြားသော မဍပ်များတွင် ဖျော်ဖြေရေး ယိမ်းများ၊ ခေတ်ပေါ်တေးဂီတ အဆိုများဖြင့် သီဆိုဖျော်ဖြေလျက်ရှိရာ ပါဝင်ဆင်နွှဲကြ သူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ပြည်သူများအား စတုဒီသာမဏ္ဍပ် အသီးသီးတွင် စစ်ကိုင် းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)