ဖျာပုံမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်အကျနေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းဖြင့်စည်ကား

ဖျာပုံ   ဧပြီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် အကျနေ့ဖြစ်သည့် ယမန်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ကစားလျက်ရှိကြကြောင်းသိရသည်။

အဆိုပါ မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် တေးသံရှင်အဆိုတော်များက သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း စတုဒီသာများကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြ​သည်။ ရေကစားမဏ္ဍပ်တွင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့်ပါဝင် ရေပက်ကစားကြပြီး စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းနိုင