ဖြူး ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ဧပြီလ၊ (၁၄)ရက်နေ့တွင် ပျော်ရွှင်စွာရေကစားလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မြန်မာနှစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် ရေကစားမဏ္ဍပ်ဆောင်ရွက်ပေးထားပြီး သင်္ကြန်အကြိုနေ့မှစတင်ကာ ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ပြည်သူများအေးချမ်းစွာရေကစားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီက စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် ယခင်နှစ်များထက် ပိုမိုစည်ကားမှုရှိကြောင်းနှင့် ရေကစားသူများ ထိခိုက်မှုနှင့်ခိုက်ရန်မဖြစ်ပွားရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)