ကျုံပျော် ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ယနေ့သင်္ကြန်အကျနေ့နံနက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ပြည်သူများ ပျော်ရွှင်စွာလာရောက်၍ ရေကစားလျက်ရှိကြောင်း သိရသည်။
ထိုသို့ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ စတုဒီသာကျွေးမွေးခြင်း၊ သင်္ကြန်ယိမ်းအကများ၊ စတိတ်ရှိုးတေးဂီတနှင့် DJ များဖြင့် တီးခတ်ဖျော်ဖြေခြင်းတို့ကို ပြည်သူများအပန်းပြေပျော်ရွှင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သင်္ကြန် အကြတ်နေ့နှင့် အတက်နေ့များတွင်လည်း သင်္ကြန်ယိမ်းအကပြိုင်ပွဲများ၊ ဆုပေးပွဲများဖြင့်စည်ကားစွာ ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး၊ လာရောက်အပန်းဖြေသူများ အေးချမ်းလုံခြုံမှုရှိစေရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း နှစ်သစ်ကူး အခါသမယတရားပွဲများ၊ အလှူပွဲများ၊ စတုဒီသာကျွေးမွေးခြင်းများ ငါးစာကျွေးမွေးကုသိုလ်ပြုခြင်းများဖြင့် ပျော်ရွှင်စွာဆင်နွဲလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)