ကသာ ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ယိမ်းအကပြိုင်ပွဲများကို ဧပြီလ ၁၄ ရက် မဟာသင်္ကြန်အကျနေ့တွင် နံနက်(၉)နာရီအချိန်က စုပေါင်းရုံးကြီးဝင်းအတွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲတွင် ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု “နွေဥဩ” ယိမ်းအဖွဲ့၊ ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု “ကမ်းသားသူ” ယိမ်းအဖွဲ့၊ ကသာခရိုင်ရဲတပ်ဖွဲ့ ကိုယ်စားပြု “ပိတောက်ရွှေဝါ” ယိမ်းအဖွဲ့၊ ပညာရေးဌာန ကိုယ်စားပြု “ပိတောက်မမ” ယိမ်းအဖွဲ့နှင့် ကသာခရိုင်သစ်ထုတ်ရေး ကိုယ်စားပြု “ပိတောက်ရွှေဝါ” ယိမ်းအဖွဲ့တို့က ကပြယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဆုရရှိသူများအား သင်္ကြန်ပွဲတော်အတက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ကသာခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကပြယှဉ်ပြိုင် ဖျော်ဖြေကြသောယိမ်းအဖွဲ့များ၊ သင်္ကြန်မဏ္ဍာပ်သို့ လာရောက်ရေကစားကြသော ပြည်သူများအား စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံကြသည်။ မဟာသင်္ကြန်ဗဟိုမဏ္ဍာပ်တွင် ရေကစားကြသူများ၊ တေးဂီတဖျော်ဖြေမှုများ၊ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေပေးနေမှုများအား လာရောက်ကြည့်ရှုအားပေးသူများဖြင့် စည်ကားလျက်ရှိပြီး ကသာမြို့တွင်းရှိ စတုဒီသာမဏ္ဍာပ်များတွင်မလည်း သင်္ကြန်လည်ပတ်သူများ ရေကစားကြသူများကို နေ့စဉ်ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ကသာ)