မြောင်းမြ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့၌ ယိမ်းအဖွဲ့တို့မှ ကပြယှဉ်ပြိုင်ခြင်းနှင့် ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မဟာသကြင်္န်အကျနေ့တွင် မြောင်းမြမြို့နယ်ရေကစားမဏ္ဍပ်၌ မြရတနာရပ်ကွက် ယိမ်းအဖွဲ့နှင့် သဇင်ကုန်းကြီးကျေးရွာအုပ်စု ယိမ်းအဖွဲ့တို့မှ ကပြယှဉ်ပြိုင်ဖျော်ဖြေခြင်း၊ တေးသံရှင်များက တေးသီချင်းများ သီဆို၍ဖျော်ဖြေခြင်း၊စတုဒီသာမဏ္ဍပ်များတွင် ဌာနဆိုင်ရာများမှစုပေါင်းပြီး မုန့်လက်ဆောင်း၊ ကျောက်ကျော၊ကောက်ညှင်းရွှေကြည်၊အအေးများကျွေးမွေးလှူဒါန်းခြင်း၊ ပြည်သူများ ပျော်ရွှင်စွာ ရေပက်ခံ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)