ငပုတောမြို့၌ ၁၃၈၄ ခုနှစ်မဟာသင်္ကြန်ပွဲတော် အကျနေ့နံနက်ပိုင်းတွင် သီတင်းသီလ ဆောက်တည်ကြသူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိ

ငပုတော ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၁၃၈၄ ခုနှစ်မဟာသင်္ကြန်ပွဲ အကျနေ့ နံနက်ပိုင်းတွင် ဘုရားကျောင်းကန်များတွင် သီတင်းသီလ ဆောက်တည်ကြသူများ၊ ရေကစားသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အလားတူ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များတွင်လည်း ရေကစားကြသူများ၊ စတုဒီသာ ကျွေးမွေးကြသူများဖြင့် အေးချမ်းပျော်ရွင်စွာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက် )