ကျောင်းကုန်းမြို့၌ သင်္ကြန်အကျနေ့အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

ကျောင်းကုန်း ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ယနေ့သင်္ကြန်အကျနေ့ နံနက်ပိုင်းက အေးချမ်းပျော်ရွှင်စွာဖျော်ဖြေကပြသီဆိုကာ ရေပက်ကစားခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်မှ ယိမ်းအဖွဲ့များ၊ ပညာရေးဌာနမှ ယိမ်းအဖွဲ့များနှင့် မြို့နယ်သဘင်အစည်းအရုံးမှ မြန်မာသံစဥ်တေးသံရှင်များ၊ စတူဒီယိုတေးသံရှင်များက အလှည့်ကျဧည့်ခံဖျော်ဖြေ တင်ဆက်ကပြခဲ့ကြသည်။

အဆိုပါ ဖျော်ဖြေရေးမဏ္ဍပ်သို့ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်‌(ပြန်/ဆက်)